Breaking News >> News >> Democratic Voice of Burma


သင်္ကြန်ကာလ ပုလဲမြို့ပေါ်၌ ဖောက်ထွင်းခိုးယူမှု များပြားနေ


Link [2022-04-17 01:53:03]



သင်္ကြန်ရက်အတွင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က  ချမ်းသာတဲ့အိမ်တွေ၊ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဆန်ဆိုင်တွေမှာ ညစဉ်ဖောက်ထွင်းခိုးယူခံနေရတယ်လို့  မြို့ခံတွေက ပြောပါတယ်။ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီက ကင်းလှည့်တာတွေ သေနတ်ပစ်ဖောက်တာ တွေဆက်တိုက်ပြုလုပ်နေပေမဲ့ ဖောက်ထွင်းခိုးယူတာတွေက နေ့စဉ်ဖြစ်နေပြီး သင်္ကြန်ရက်အတွင်း ဖောက်ထွင်းခိုးယူခံရတဲ့ အိမ်နဲ့ဆိုင် ၁၇  နေရာ နီးပါးရှိနေတယ်လို့ ဆိုပါတယ်။ စစ်သားတွေရဲ့အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြောင့် သာမန်အရပ်သားတွေဟာ ညဘက်ဆို အပြင်မထွက်ရဲတဲ့အတွက် သာမန်သူခိုးတွေက ခိုးနေတာမျိုးမဖြစ်နိုင်ဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။ ပုလဲဒေသခံတစ်ဦး”စစ်သားတွေနဲ့ ဒလန်တွေက ပုလဲမြို့ပေါ်မှာရှိတဲ့ ချမ်းသာတဲ့အိမ်တွေရယ် စားသောက်ဆိုင်တွေရယ် စတိုးဆိုင်တွေရယ်ကို ဒီကောင်တွေညတိုင်း ဖောက်ထွင်းမှုတွေ လုပ်နေတယ်။  စစ်တပ်နဲ့ ဒလန်တွေ ညှိနှိုင်းပြီး ခိုးတယ်မြင်တာပဲ။ သာမန်ပြည်သူတွေက စစ်တပ်က လုံခြုံရေးတွေယူထားတော့ သွားရဲတဲ့သူ ဘယ်သူမှမရှိပါဘူး။ သူတို့လုံခြုံရေးလှည့်နေတာပဲ။ သေနတ်တွေလည်း ပစ်ဖောက်နေတာပဲ။ ဒီလိုအချိန်မှာ သူခိုးဆိုတာ […]

Most Read

2024-09-20 21:45:17