Breaking News >> News >> Democratic Voice of Burma


လောင်းလုံးတွင် လောင်းကစားဝိုင်းများ သေနတ်ပစ်ဖောက် သတိပေးခံရ


Link [2022-04-17 01:53:03]



တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ကဒက်ငယ်ထိန်ကျေးရွာက  လောင်းကစားဝိုင်းတွေ ဧပြီ ၁၅ ရက်၊ နေ့လယ် ၂နာရီလောက်က သေနတ်ပစ်ဖောက် သတိပေးခံခဲ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။  DDT တပ်ခွဲ (၃)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး  လောင်းကစားဝိုင်းတွေမပြုလုပ်ကြဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ မလိုက်နာလို့  အခုလို နောက်ဆုံးအကြိမ်သတိပေးရခြင်းဖြစ်တယ်လို့  Dawei Defense Team(DDT)က ထုတ်ပြန်ထားပါတယ်။  ကဒက်ငယ်ထိန်ကျေးရွာမှာ အနည်းဆုံး နေရာနှစ်နေရာမှာ လောင်းကစားဝိုင်းပြု​လုပ်နေတာရှိပြီး အခု သေနတ်ပစ်ဖောက် သတိပေးခဲ့တာကတော့ ရွာအပြင်မှာရှိတဲ့ လောင်းကစားဝိုင်းတစ်ခုရဲ့ အနီးမှာဖြစ်တယ်လို့ ရွာခံတွေကပြောပါတယ်။ ရွာခံတစ်ဦးကတော့ “ပစ်သံကတော့ နှစ်ချက်ကြားလိုက်ရတယ်၊ ရွာအပြင်က ဖဲဝိုင်းလုပ်နေတဲ့ နေရာအနီးမှာပဲ ရွာထဲမှာ တခြားဖဲဝိုင်တွေရှိသေးတယ်” လို့ ပြောပါတယ်။ လောင်းလုံးမြို့နယ်အတွင်းက လောင်းကစားဝိုင်းအများစုဟာ  စစ်တပ်နဲ့၊ နယ်ထိန်းရဲတွေကို ပိုက်ဆံပေး ပြုလုပ်နေကြတာဖြစ်ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ […]

Most Read

2024-09-20 21:48:10