Breaking News >> News >> Democratic Voice of Burma


ဘိုကလေးတွင် သင်္ကြန်စတုဒိသာထမင်းကျွေးရန် စစ်ကောင်စီက ငွေကောက်ခံ


Link [2022-04-17 01:53:03]



ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ  စစ်ကောင်စီသင်္ကြန်မဏ္ဍပ်မှာ စတုဒိသာ ထမင်းကျွေးဖို့ ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကျေးရွာတွေမှာ ငွေလိုက်လံကောက်ခံ စေခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘိုကလေးမြို့နယ်မှာရှိတဲ့ ကျေးရွာက  ဒေသခံတစ်ဦးက  “မြို့ပေါ်က စစ်ကောင်စီသင်္ကြန်မဏ္ဍပ်မှာ ရေကစားတဲ့သူတွေနဲ့ လာရောက်လည်ပတ်တဲ့သူတွေကို စတုဒိသာကျွေးဖို့ ထွေအုပ်က  အလှူငွေကောက်ခိုင်းတာ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သူတို့နဲ့ မကင်းရာမကင်းကြောင်း လုပ်ငန်းရှင်တွေဆီက ငွေလိုက်ကောက်နေတယ်။ မကင်းရာမကင်းကြောင်းဆိုတော့လည်း ပိုက်ဆံထည့်ရတာပေါ့”လို့   ပြောပါတယ်။ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်ကို  ဘိုကလေးမြို့နယ် မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးမှာ ပြုလုပ်ထားပြီး မဏ္ဍပ်မှာ Non CDM ဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတချို့လာရောက် ရေကစားကြပါတယ်။ ဘိုကလေးမြို့ခံတယောက်က “မြို့ပေါ်ကလူတွေကတော့ ရေကစားတာမရှိဘူး ကလေးတွေပဲရှိတယ်။ သူတို့ မဏ္ဍပ်မှာလည်း ဝန်ထမ်းတွေနဲ့ သူတို့ လူတွေနဲ့ပဲရေကစားတာ။ သူတို့လူနဲ့သူပေါ့။ လုံခြုံရေးအပြည့်နဲ့ပဲ။ ဟိုးအရင်ကဆို […]

Most Read

2024-09-20 21:46:23