Breaking News >> News >> Democratic Voice of Burma


ပခုက္ကူမြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-04-16 14:13:01]



မကွေးတိုင်း၊ ပခုက္ကူ​မြို့၊ ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းအနီးမှာ ဧပြီ ၁၅ ရက် ညနေ ၄ နာရီလောက်က မြို့တွင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Pakokku Ranger အဖွဲ့က ထုတ်ပြန်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို Pakokku Ranger အဖွဲ့နဲ့ မဟာမိတ်ညီနောင်အဖွဲ့ ဖြစ်တဲ့ PKU မြို့ပြပြောက်ကျားအဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က  ၃ ယောက် သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အနီးအနားနေ​ဒေသခံတစ်ဦးက “မိုင်းသံက ပထမတစ်လုံးပေါက်ပြီး၊ ဒုတိယတစ်လုံးတန်းပေါက်တာ။ အဲဒါအပြီးပစ်ခတ်နေတာ ဆက်တိုက်ပဲ၊ ညအထိ စခတွေက ဆက်တိုက်ရမ်းပစ်နေတာ”လို့ ပြောပါတယ်။ စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လူနာတင်ကား ၂ စီးနဲ့အတူ စစ်ကားတစ်စီးထပ်မံ ရောက်ရှိလာတယ်လို့ သိရပါတယ်။’ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် […]

Most Read

2024-09-20 23:35:35