Breaking News >> News >> Democratic Voice of Burma


မန္တလေးမြို့ သင်္ကြန်အတက်နေ့ မြင်ကွင်း (ဓာတ်ပုံ)


Link [2022-04-16 14:13:01]



မန္တလေးမြို့မှာ  သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် မနက်ပိုင်းမှာလည်း မြို့ပေါ် အဓိကလမ်းမကြီးတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ပြည်သူလူထုတွေ ရေကစားခြင်းမရှိပဲ တော်လှန်သင်္ကြန်ကျင်းပခဲ့ကြပါတယ်။ ဈေးဆိုင်အများစုကို ပိတ်ထားသလို နေအိမ်တွေရှေ့မှာလည်း ရေကစားတာ မရှိသလောက်နည်းပါးပါတယ်။ ဆင်ခြေဖုံးရပ်ကွက်တချို့မှာတော့ ကလေးငယ်တချို့ ရေကစားနေကြပေမယ့် လူကြီးတွေကတော့ ရေကစားတာ မရှိပါဘူး။ အများစုကတော့ ရပ်ကွက်အတွင်း ဆွမ်းအလှူခံပေးတာ၊ဥပုသ်သီလဆောက်တည်ကြတာ၊စတုဒိသာ ကျွေးမွေးကြတာတွေ ပြုလုပ်ကြပါတယ်။ သင်္ကြန်ကာလအတွင်း နှစ်စဉ် လူအစည်ကားဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ဦးပိန်တံတားမှာလည်း လူသူ သိပ်မရှိပါဘူး။ စစ်ကောင်စီ ကျင်းပတဲ့ ကျုံးဘေးသင်္ကြန်မှာတော့ လူအထိုက်အလျှောက်စည်ကားတယ်လို့ သိရပါတယ်။ မန္တလေးမြို့ခံ အများစုကတော့ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်တာမရှိပဲ ဒုဌဝတီမြစ်ဘေးက အပန်းဖြေစခန်းတွေမှာ သွားရောက်ရေကစားလည်ပတ်နေကြတယ်လို့ သိရပါတယ်။

Most Read

2024-09-20 23:30:42