Breaking News >> News >> Democratic Voice of Burma


ဘူချာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် အလောင်းများ ပြန်ဖော်


Link [2022-04-16 14:13:01]



ယူကရိန်းနိုင်ငံ၊ ဘူချာမြို့မှာ ရုရှားတို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခဲ့တဲ့ အလောင်းတွေကို အလုပ်သမားတွေက  ပြန်လည်တူးဖော်နေတာကို ရိုက်တာသတင်းဌာနက ဒရုန်းနဲ့ ဗီဒီယိုရိုက်ယူထားပါတယ်။  အဖြူရောင် အကာအကွယ်ဝတ်စုံဝတ်ထားတဲ့ အလုပ်သမားတွေက ဧပြီ ၇ ရက်ကတည်းက အလောင်းတွေ ပြန်တူးဖော်နေတာပါ။  နိုင်ငံတကာ စစ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ရုရှားတပ်တွေ ဆုတ်ခွာစဉ် ဘူချာမှာ အရပ်သားတွေ အများအပြား သတ်ဖြတ်ခဲ့တာကို အတည်ပြဖို့ ရောက်ရှိနေတာပါ။ ပူတင်အစိုးရကတော့ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိကြောင်း ငြင်းဆိုပြီး ယူကရိန်းအစိုးရနဲ့ နိုင်ငံတကာက ရုရှားကို သိက္ခာချဖို့ လုပ်နေတာသာဖြစ်တယ်လို့ ပြောဆိုပါတယ်။

Most Read

2024-09-20 23:32:48