Breaking News >> News >> Democratic Voice of Burma


သင်္ကြန်ကာလ မြန်မာပြည်အနှံ့အပြား ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးကွဲမှုများ ဖြစ်ပွား


Link [2022-04-16 02:32:59]



ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ရေနံချက်စက်ရုံဝန်ထမ်းလိုင်းခန်းကို သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် မနက် ၇ နာရီကျော်က    ပစ်ခတ်ခံရပြီး  ဝန်ထမ်း ၁ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ အနီးနားနေ ဒေသခံတဦးက ပြောပါတယ်။ “ဆိုင်ကယ်စီးလာသူ နှစ်ယောက်က   လမ်းပေါ်ကနေ  စက်ရုံလိုင်းခန်းထဲကိုပစ်တာ  လိုင်းခန်းထဲမှာရှိတဲ့  ဝန်ထမ်းတယောက်ထိခိုက်သွားတယ်။ လိုင်းခန်းကလမ်းနဲ့ အတော်နီးတယ်။” လို့ ဒေသခံကပြောပါတယ်။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာလည်း ဒီနေ့ နန်းထိုက်အောင် စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက  ဒီဗွီဘီကို ပြောပါတယ်။ ညောင်ထောက်ကျေးရွာနဲ့ တကူပုံကျေးရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ညနေ ၅ နာရီဝင်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ […]

Most Read

2024-09-20 23:43:13