Breaking News >> News >> Democratic Voice of Burma


ပခုက္ကူမြို့နယ်နှင့် ရေဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ


Link [2022-04-16 02:32:59]



မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၅ ရက်မွန်းလွဲ ၂ နာရီလောက်မှာ  ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်းသေဆုံးကာ တချို့ ဒဏ်ရာရရှိသွားတယ်လို့  မြိုင်PDF  ပြန်ကြားရေးတာဝန်ခံက  ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို မြိုင်PDF၊Yoong Force UG၊Earthquake PDF UGနဲ့ PW Generation ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူမြို့ခံတယောက်က “ဒီကနေ့ မွန်းလွဲပိုင်းက ပစ်ခတ်သံတွေ ဆက်တိုက်ကြားရတယ်ဗျ။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ ပခုက္ကူမြို့ရဲ့ အဓိက အချက်အချာကျတဲ့နေ ရာတွေကို ပိတ်ဆို့စစ်ဆေးနေတာတွေ့ရတယ်”လို့ ပြောပါတယ်။ ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက်က […]

Most Read

2024-09-20 23:35:47