Breaking News >> News >> Democratic Voice of Burma


မြစ်ကြီးနား လမ်းလျှောက်သင်္ကြန်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကခုန်ပျော်ပါးနေသူများ ထွက်ပြေး


Link [2022-04-16 02:32:59]



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လမ်းလျှောက်သင်္ကြန်ပြုလုပ်တဲ့ ပြည်သူ့အားကစားကွင်း(ပြည်သူ့ရင်ပြင်)မှာ ဧပြီ ၁၅ သင်္ကြန်အကြတ်နေ့ ညနေပိုင်းက  ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ပျော်ပါးနေသူတွေ ဝရုန်းသုန်းကားထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ “ညနေ ၅ နာရီလောက်က  ကားတစ်စီးပေါ်ကနေ ဆင်းပြီးပစ်တာ။  သေနတ်ပစ်တော့ ကနေသူတွေလည်း ထွက်ပြေးတာတန်းနေတာပဲ။ သေနတ်ပစ်ခတ်မှုဖြစ်ပြီးတော့ ကတဲ့လူလည်း တစ်ယောက်မှ မရှိတော့ဘူး “လို့ ပြောပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလါရောက်ပစ်ခတ်တယ်ဆိုတာနဲ့ ထိခိုက်သေဆုံးတာရှိမရှိကို တော့ တိတိကျကျ မသိရသေးပါဘူး။ သင်္ကြန်ကာလ စစ်ကောင်စီစီစဉ်ထားတဲ့ ပြည်သူ့ရင်ပြင်အားကစားကွင်းရေကစားမဏ္ဍပ်မှာ လုံခြုံရေးအစောင့်အကျပ်များစွာနဲ့ ရေကစား ကခုန်သူတွေရှိပြီး မြို့ထဲမှာတော့ ကလေးတချို့က လွဲပြီး သင်္ကြန်ရေကစားကြသူမရှိပါဘူး။

Most Read

2024-09-20 23:26:18