Breaking News >> News >> Democratic Voice of Burma


ကော့မှူးမြို့နယ်၌ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ


Link [2022-04-16 02:32:59]



ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေပိုင်းက နန်းထိုက်အောင် စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ညောင်ထောက်ကျေးရွာနဲ့ တကူပုံကျေးရွာကြားမှာ စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ညနေ ၅ နာရီဝင်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက  ဒီဗွီဘီကို ပြောပါတယ်။ “နန်းထိုက်အောင်စစ်ဆင်ရေးပါ။ ရန်သူယာဉ်တန်းဖြတ်သန်းမယ့်အချိန်နဲ့ အင်အားအခြေအနေကို အတွင်းသတင်းကြိုရထားတော့ စစ်ဆင်ရေး ဆောင်ရွက်ရတာ ပိုကောင်းသွားတာပေါ့။ မြေပြင်ဒေသခံတွေဆီက သိရတာကတော့ အတော်များများ သေမယ့်အနေအထားပါပဲ။ အပိုင်ပစ်ရတာကိုး”လို့ ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး တယောက် သေဆုံးကာ အများအပြားဒဏ်ရာပြင်းထန် ရရှိခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုခံနေရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီယာဥ်တန်းပစ်ခတ်ခံရပြီးနောက် ကျိုက်ထော်မီးသတ်မှ စစ်သား […]

Most Read

2024-09-20 23:39:03