Breaking News >> News >> Democratic Voice of Burma


ကျောင်းကုန်းမြို့ ဗဟိုမဏ္ဍပ်တွင် ဗုံးပေါက်ကွဲပြီး ၄ ဦး ဒဏ်ရာရ


Link [2022-04-16 02:32:59]



ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့လယ်မှာရှိတဲ့ စစ်ကောင်စီ ဗဟိုမဏ္ဍပ်မှာ   ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ညနေ ၅ နာရီကျော်လောက်က ဗုံးပေါက်ကွဲပြီး အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မဏ္ဍပ်ပိတ်တာ ၆ နာရီဖြစ်ပြီး ဗုံးပေါက်ချိန်မှာ ၅ နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာပါ။  ပေါက်ကွဲမှုစာ  ထိခိုက်ဒဏ်ရာရတာမျိုးရှိပေမယ့် သေဆုံးတာမျိုးတော့မရှိဘူးလို့ ဒေသခံ တယောက်က ပြောပါတယ်။ “ညနေပိုင်း မဏ္ဍပ်သိမ်းခါနီးပေါက်တာ ထိတဲ့သူတွေကတော့ သိပ်မများပါဘူး သွေးထွက်နေတဲ့သူတောင် လမ်းလျှောက်နိုင်တယ်။ ဆေးရုံကားတင်ပြီး ခေါ်သွားတယ်။” ဧရာဝတီတိုင်း၊  မအူပင်မြို့မှာလည်း ဒီကနေ့ နေ့လယ်ပိုင်းက တိုးရွှေဝါခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ […]

Most Read

2024-09-20 23:37:01