Breaking News >> News >> Democratic Voice of Burma


ပေါက်မြို့နယ်တွင် စစ်တပ်မီးရှို့မှုကြောင့် အိမ် ၈၀၀ ခန့်ဆုံးရှုံး၊ ပြည်သူ ၁ သောင်းကျော်အကူအညီ လိုအပ်နေ


Link [2022-04-15 14:53:30]



မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၈၀၀ လောက်ဆုံးရှုံးခဲ့ကာ ဒေသခံပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်း ကျောက်အိုးရွာနားမှာ မနေ့က ဧပြီ ၁၄ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ SPGF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးခဲ့တယ်လို့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။ “မနက်ပိုင်းတိုက်ပွဲမှာပြင်းအားကောင်းတဲ့ မိုင်း တစ်လုံးခွဲပြီး SPGF က ရဲဘော်တွေ သေနတ်နဲ့ ပစ်ခတ်လို့ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးခဲ့တာဗျ။ အဲဒီစစ်ကောင်စီတပ်သားတွေ သေပြီးတဲ့နောက် စစ်ကောင်စီဘက်က ပေါက်မြို့နယ်နဲ့ […]

Most Read

2024-09-20 23:35:10