Breaking News >> News >> Democratic Voice of Burma


ရန်ကုန်မြို့ သင်္ကြန်အကြတ်နေ့ မြင်ကွင်း (ဓာတ်ပုံ)


Link [2022-04-15 14:53:30]



ရန်ကုန်မြို့မှာ ဧပြီ ၁၅ ရက် သင်္ကြန် အကြတ်နေ့မှာလည်း လုံခြုံရေးအထပ်ထပ်ကာရံထားတဲ့  မြို့တော်ခန်းမရှေ့နေရာကလွဲလို့ ကျန်တဲ့နေရာတွေမှာ ပြည်သူတွေ ရေကစားတာမရှိဘဲ တမြို့လုံးလိုလိုမှာ ခြောက်ကပ်နေပါတယ်။ သင်္ကြန်အကြိုနေ့က လူတချို့ကို အမှိုက်သိမ်းကားတွေပေါ်တင်ပြီး မြို့တော်ခန်းမကို အကြိမ်ကြိမ်ပတ်ပြီး ရေပက်ခံခိုင်းခဲ့ပေမဲ့ ဒီနေ့ အကြတ်နေ့မှာတော့ အိမ်စီးကားတွေနဲ့ တင်ပြီး ရဲတွေက လိုက်မောင်းကာ ပတ်နေတာ မြင်တွေ့ရပါတယ်။ ဒီနှစ်သင်္ကြမှာ လူငယ်လူရွယ်တွေနဲ့ ပြည်သူတွေအများစုက တော်လှန်သင်္ကြန်ဆင်နွှဲပြီး ရေပက်ခံထွက်ကြတာ၊ ရေကစားကြတာ မရှိပေမဲ့  ပျော်ပါးချင်သူတချို့ကတော့   ရပ်ကွက်တွေထဲ ရေပက်ကြတာ ရှိပါတယ်။

Most Read

2024-09-20 23:26:44