Breaking News >> News >> Democratic Voice of Burma


အမေရိကန် ဓားစာခံများအား ခေါင်းဖြတ်သတ်မှုဖြင့် စစ်သွေးကြွအုပ်စုဝင် ၁ ဦးကို စွဲချက်တင်


Link [2022-04-15 14:53:30]



အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်ဓားစာခံတွေကို ခေါင်းဖြတ်ခဲ့တဲ့ အစ္စလာမ် စစ်သွေးကြွအုပ်စု သည်ဘီးတဲလ်စ်မှ အဖွဲ့ဝင်တဦးကို အမေရိကန်တရားရုံးတခုက အကြမ်းဖက်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဧပြီ ၁၄ ရက်က ဆုံးဖြတ်ပါတယ်။ ဗာဂျီနီးယားပြည်နယ် အလက်ဇန္ဒရားမြို့ တရားရုံးက အသက် ၃၃ နှစ်ရှိ အယ်လ်ရှဖီး အယ်လ်ရှိတ်ခ်ကို အမေရိကန်နိုင်ငံသားတဦးကို ပြန်ပေးဆွဲ ခေါင်းဖြတ်မှု အပါအဝင် တခြားပြစ်မှုတွေနဲ့ပါ စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဗြိတိနိုင်ငံသားဟောင်းဖြစ်တဲ့ အယ်လ်ရှိတ်ခ်ဟာ သေဒဏ်ကျခံဖွယ်ရှိပေမဲ့ ဗြိတိန်အရာရှိတွေက သေဒဏ်မပေးဖို့ တရားရုံးကို တောင်းဆိုပါတယ်။ အယ်လ်ရှိတ်ခ်က အစ္စလာမ် စစ်သွေးကြွ မြေအောက် ဘီတဲလ်စ်အဖွဲ့ဝင် လေးဦးထဲက တဦးပါ။ သူတို့အဖွဲ့က အမေရိကန် သတင်းထောက်တွေကို သတ်ဖြတ်ခဲ့တဲ့ ဗွီဒီယိုဖြန့်ချိပြီး နိုင်ငံတကာ အာရုံစူးစိုက်မှုခံရအောင် လုပ်ပါတယ်။

Most Read

2024-09-20 23:39:51