Breaking News >> News >> Democratic Voice of Burma


ဝက်လက်မြို့နယ်တွင် ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ် ဗုံးကွဲ


Link [2022-04-15 14:53:30]



စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊  ရွှေဘို-မန္တလေးသွားကားလမ်းပေါ်မှာရှိတဲ့ တိုးဂိတ် ဧပြီ ၁၄ ရက် ဗုံးပေါက်ကွဲပြီး အဆောက်အဦပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။  ဒေသခံတစ်ဦးက  “မနေ့က မနက် ၄ နာရီလောက်မှာ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာအနီး ရွှေဘို-မန္တလေးသွားကားလမ်း ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာ၊ တိုးဂိတ်အ ဆောက်ဦးက အကုန်ပျက်စီးသွားတယ်။ အဲဒီမှာရှိတဲ့ဝန်ထမ်းတွေတော့ ထိခိုက်တာမရှိဘူး” လို့ ပြောပါတယ်။  အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး  ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာတော့  ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ 

Most Read

2024-09-20 23:43:18