Breaking News >> News >> Democratic Voice of Burma


ပခုက္ကူတွင် စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ


Link [2022-04-15 03:13:37]



မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က  စစ်ကောင်စီရဲ့ စစ်ဆေးရေးကင်းစခန်းကို ပခုက္ကူ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးနိုင်တယ်လို့ ပခုက္ကူPDF ကနေ သိရပါတယ်။ PPDFရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးကင်းတခုကို ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ PPDF က ရဲဘော်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ ရဲကား ၂ စီး၊  စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၁၆ ယောက်လောက်က စောင့်ဆိုင်းပစ်ခတ်လို့ ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စခန်မှူးနဲ့ အရာရှိကြီး တယောက်  ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ […]

Most Read

2024-09-20 23:33:34