Breaking News >> News >> Democratic Voice of Burma


မြဝတီမြို့တောင်ဘက်တွင် တိုက်ပွဲများ ပြင်းထန်ဆက်လက်ဖြစ်ပွားနေ


Link [2022-04-15 03:13:37]



မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ဟို့ခီးရွာမှာ KNLA၊ KNDO ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဧပြီ ၁၄ ရက် ဒီနေ့မနက်က ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှာ  စစ်ကောင်စီ တပ်သား ၁ ယောက် သေဆုံးသွားပါတယ်။ KNLA တပ်ဖွဲ့ဝင်တဦးက “ စစ်ကောင်စီတပ်သားတဦး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ စတင်ပစ်ခတ်ချိန်မှာကျသွားတယ်။ ကျန်စစ်ကောင်စီတပ်သားတချို့က ဒဏ်ရာရရှိနိုင်တယ်။ စစ်ကောင်စီအဖွဲ့က နယ်မြေကျူးကျော်လာတယ်လေ။  ဟို့ခီးရွာအဝင်မှာ ကျနော်တို့ စောင့်ပစ်တယ် ။ စောင့်ပစ်တဲ့နေရာမှာ သူတို့နဲ့ ထိပ်တိုက်တွေ့တော့ ဦးအောင်ပစ်လိုက်တာပေါ့။ ပစ်တော့ အရှေ့ထွက်စစ်သားက မှောက်ချပြီးသေသွားတယ် အဲ့မှာ  တိုက်ပွဲမိနစ်၂၀ ခန့်ပစ်ကြတယ်။” မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီးကျေးရွာကြားမှာ ဧပြီ ၁၃ ရက် ညပိုင်းတည်းက ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ဒီကနေ့ထိ ဆက်လက်ဖြစ်ပွားနေတာပါ။ စစ်ကောင်စီတပ်တွေက မေတ္တာလင်းမြိုင် နောက်တန်းစခန်းကနေ […]

Most Read

2024-09-20 23:40:03