Breaking News >> News >> Democratic Voice of Burma


ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း အသင်းသစ်ရွေးချယ်ရန် ဆုံးဖြတ်မည်


Link [2022-04-14 15:33:12]



ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ လာမယ့်ရာသီမှာ ပြောင်းရွှေ့ကစားမယ့် အသင်းသစ် ရွေးချယ်ဖို့ ၂ ပတ်အတွင်းမှာ ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။ အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူးကို ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူလိုနေပြီး ကစားသမားဖြစ်သူကပဲ အပြီးသတ် ဆုံးဖြတ်ရတော့မှာပါ။ ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းတန်စာချုပ် ချုပ်ဆိုထားပြီး ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ အဲဒီပမာဏ ပေးမယ်ဆိုရင် အသင်းအချင်းချင်းကြားမှာ သဘောတူညီမှုရမှာပါ။ ဟာလန်းအတွက် လုပ်ခလစာနဲ့ စာချုပ်သက်တမ်းတွေကိုသာ ညှိနိူင်းရတော့မှာ ဖြစ်ပါတယ်။ ဟာလန်းကို မန်စီးတီးအသင်းက စံချိန်တင် တပတ်လုပ်ခ ပေါင် ၅ သိန်းပေးပြီး ကမ်းလှမ်းဖို့ အသင့်ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ တိကျသေချာမှုတော့ မရှိသေးပါဘူး။ ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာကလည်း အပြောင်းအရွှေ့မှာ အရေးပါနေပါတယ်။ […]

Most Read

2024-09-20 23:41:09