Breaking News >> News >> Democratic Voice of Burma


ထားဝယ်ခရိုင်အတွင်း သင်္ကြန်အကျနေ့ အသံတိတ်သပိတ်ပြုလုပ်


Link [2022-04-14 15:33:12]



တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီက ဦးဆောင်ကျင်းပနေတဲ့ သင်္ကြန်ပွဲတော်ကို သပိတ်မှောက်တဲ့အနေနဲ့ ဒီကနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ အသံတိတ်သပိတ်ကို မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိ ပြုလုပ်ကြတာဖြစ်ပြီး ထားဝယ်မြို့ အပါအဝင် ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေဖြစ်ကြတဲ့ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တို့က ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ လောင်းလုံးဒေသခံ ပြည်သူတဦးက “အသံတိတ်သပိတ်က မနက် ၉ နာရီမှ စမှာကို ၈ နာရီလောက်ကတည်းက လမ်းပေါ်မှာ လူတွေ မရှိသလောက်ဖြစ်နေပြီ၊ စစ်တပ်က ဟန်ပြလုပ်တဲ့ သင်္ကြန်ကို အသံတိတ်သပိတ်လုပ်ပြီး တုံ့ပြန်တာက တော်တော်ထိရောက်တဲ့ နည်းလမ်းပါပဲ” လို့ ပြောပါတယ်။ ထားဝယ်ခရိုင်အတွင်း အသံတိတ်သပိတ်ကို ဒီမိုကရေစီအရေး […]

Most Read

2024-09-20 23:32:34