Breaking News >> News >> Democratic Voice of Burma


နိုင်ရာဝန်ကိုတော့ ထမ်းကြပါ


Link [2022-04-14 15:33:12]



ဒီရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် Dragonfly အစီအစဉ်အရ ၁၀ ရက်အတွင်း စုစုပေါင်း အလှူငွေ သိန်းပေါင်း လေးသောင်းခွဲဝန်းကျင်အထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုအစီအစဉ်ကို Click2donate နှင့် တခြားသော တက်ကြွလှုပ်ရှားသူများ စုပေါင်းကာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ထုတ်ပြန်ချက်အရ မကြာမီအချိန်အတွင်း စစ်မိစ္ဆာများ၏ လေကြောင်းမှ နိုင့်ထက်စီးနင်း ပစ်ခတ်နေမှုများကို ပြည်သူ့ကာကွယ်ရေးတပ်သားများဘက်မှ ကောင်းစွာတုံ့ပြန်နိုင်ပေတော့မည် ဖြစ်သည်။ တချိန်က လေကြောင်းဆိုလျှင် ခေါင်းရှောင်ခဲ့ရသမျှ ယခုဆိုလျှင် ခေါင်းထောင်ကာ ပြန်လည်ပစ်ခတ်နိုင်ပေတော့မည် ဖြစ်ပါသည်။ မည်မျှအားရဖို့ ကောင်းပါသနည်း။ စင်စစ် တော်လှန်ရေးတရပ် ဆင်နွှဲရာတွင် တော်လှန်ရေးအောင်မြင်စေရန် အကြောင်းအချက်များစွာ လိုအပ်ပါသည်။ ယင်းတို့အနက် ဘဏ္ဍာရေး ခေါ် ငွေရေးကြေးရေးသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်‌ပေသည်။ လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း အလားတူပင် ဖြစ်သည်။  ယခုအချိန်တွင် […]

Most Read

2024-09-20 23:26:18