Breaking News >> News >> Democratic Voice of Burma


သင်္ကြန်မဏ္ဍပ်သို့သွားသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ကား ၁ စီး ဗုံးပစ်ခံရ


Link [2022-04-14 15:33:12]



မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင်ကျေးရွာအနီး မန္တလေး-မတ္တရာလမ်းမှာ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်ကိုသွားတဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ဆရာနဲ့ ကျောင်းသားတွေ လိုက်ပါလာတဲ့ ကားတစီး ဧပြီ ၁၄ ရက် မနက် ၇ နာရီက ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။ ဒီကားဟာ မန္တလေးကွန်ပျူတာတက္ကသိုလ် (ဒဟတ္တော) က ဖြစ်ပြီး ပါမောက္ခချုပ် ဒေါက်တာခင်သန္တာစိုး ဦးဆောင်ကာ ဆရာ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ ဝန်ထမ်း စုစုပေါင်း ၄၃ ဦး ပါဝင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “လူ အထိအခိုက်တော့ မရှိဘူး။ ကားတော့ ထိခိုက်သွားတယ်။ ဗုံးပေါက်ပြီး မကြာဘူး စစ်သားတွေ ရောက်လာတယ်။ ကြာနီကန်ရွာနားလည်း ပိတ်စစ်နေတာ” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။ မန္တလေး ကွန်ပျူတာတက္ကသိုလ်က […]

Most Read

2024-09-20 23:42:10