Breaking News >> News >> Democratic Voice of Burma


ကလေးနှင့် ရွှေဘိုမြို့နယ်တို့၌ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာသား ၁ ဦး သေဆုံး


Link [2022-04-14 15:33:12]



စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးကို ကလေး PDF တပ်ဖွဲ့တွေက ဧပြီ ၁၃ ရက် ညနေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၅ ယောက်လောက် သေဆုံးနိုင်ကြောင်းနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘူးလို့ ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ကလေး PDF တပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၁၃ ရက်မှာပဲ ကလေးမြို့ ဒေသကွပ်ကဲ‌ရေး စစ်ဌာနချုပ်နဲ့ ထောက်ပို့တပ်ကိုလည်း  ၄၀-မမ၊ ၆၀-မမ၊ ၈၀-မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။  ဒါ့အပြင် ကလေးမြို့နယ် အနောက်မြောက်ပိုင်း ပြည်တော်သာရွာအနီးမှာလည်း မနေ့က […]

Most Read

2024-09-20 23:26:52