Breaking News >> News >> Democratic Voice of Burma


ညောင်ဦးနှင့် နွားထိုးကြီးတွင် သင်္ကြန်အကြိုနေ့က ဗုံးပေါက်ကွဲမှုများဖြစ်၊ ပခုက္ကူ၌ မိုင်း ၃ လုံးတွေ့ရှိ


Link [2022-04-14 15:33:12]



သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က ညောင်ဦးမြို့နဲ့ နွားထိုးကြီးမြို့တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ပခုက္ကူမြို့မှာလည်း မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးနဲ့ နွားထိုးကြီးမြို့တို့မှာ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ညောင်ဦးမြို့က ယာဉ်ထိန်းရုံးမှာ ဧပြီ ၁၃ ရက် ညနေ ၅ နာရီခွဲလောက်က လက်လုပ်ဗုံး ပေါက်ကွဲတာ၊ လူထိခိုက်တာတော့ မရှိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။ အလားတူ မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်မှာလည်း သင်္ကြန်အကြိုနေ့က နှစ်ကြိမ် ဗုံးသုံးလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ “နေ့လယ် ၃ နာရီလောက်က ဗုံးပေါက်သံ […]

Most Read

2024-09-20 23:33:42