Breaking News >> News >> Democratic Voice of Burma


အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ ပေးမည်


Link [2022-04-14 15:33:12]



အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ရှရှားရဲ့ ကြီးမားတဲ့ ထိုးစစ်အား ကာကွယ်ဖို့ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ ပေးမယ်လို့ ဧပြီ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် ရုရှားကျူးကျော်စစ်စတင်ကတည်းက ယူကရိန်းကို အမေရိကန် စစ်ရေးအကူအညီဟာ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိပြီး သံချပ်ကာကား၊ အမြောက်နဲ့ တကိုယ်ရည်သုံး လက်နက်တွေ အဓိက ပါဝင်ပါတယ်။ နောက်ထပ် လက်နက်သစ်တွေ ပေးဖို့အတွက် ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးဖို့ လိုမယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။ သူက “ယူကရိန်းတပ်တွေကို နောက်ထပ် လေ့ကျင့်ပေးရမယ့် စနစ်တွေက ဟောင်ဝစ်ဇာအမြောက်တွေ၊ တန်ပြန်အမြောက်ရေဒါတွေပါ။ သိပ်ရှုပ်ထွေးတဲ့စနစ် မဟုတ်ပါဘူး။ […]

Most Read

2024-09-20 23:27:50