Breaking News >> News >> Democratic Voice of Burma


မြိတ်မြို့တွင် စစ်ကောင်စီက အဓမ္မငွေကောက်ခံပြီး သင်္ကြန်ပွဲကျင်းပ


Link [2022-04-14 09:21:01]



တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်နေပြည်သူတွေဆီကနေ ငွေကြေးများစွာ ကောက်ခံခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။  တနင်္သာရီတိုင်း မြိတ်မြို့ပေါ်မှာတော့ ရပ်ကွက်ကြီး ၁၂  ရပ်ကွက်ရှိပြီး ရပ်ကွက်တွေအလိုက် လူစည်ကားအောင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီက ပိုက်ဆံကောက်ခံပြီး သင်္ကြန်ပွဲ စီစဉ်နေတာ ဖြစ်ပါတယ်။ မြိတ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွေအလိုက် ဈေးဆိုင်ဖွင့်ထားတဲ့အိမ်နဲ့ ငွေကြေးတတ်နိုင်တဲ့အိမ်တွေကို တအိမ် ကျပ် ၅၀,၀၀၀ နှုန်းကောက်ခံပြီး မပေးနိုင်တဲ့ အိမ်တွေအနေနဲ့ ကျပ် ၁၀၀၀၀  ငါးခါခွဲပြီးပေးလိုက်ရတယ်လို့ ငွေပုလဲရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။  ဒါ့အပြင် မြိတ်မြို့က ထားဝယ်စုရပ်ကွက်မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စီးပွားရေးလုပ်ကိုင်တဲ့နေအိမ်တွေကို တစ်အိမ် ကျပ် ၂၀၀၀၀ နှုန်းနဲ့ ရေကစားမဏ္ဍပ် ဆောက်လုပ်ဖို့ကောက်ခံသွားတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေက […]

Most Read

2024-09-21 03:16:20