Breaking News >> News >> Democratic Voice of Burma


ပြည်ပဆန်တင်ပို့မှု များလာပြီး ပြည်တွင်း ဆန်၊ စပါးစျေး မြင့်တက်နေ


Link [2022-04-14 09:21:01]



မြန်မာနိုင်ငံကနေ ပြည်ပဆန်တင်ပို့မှုပမာဏ ပြီးခဲ့တဲ့နှစ်ကာလတူထက် ပိုမိုများပြားခဲ့ပြီး ပြည်တွင်း ဆန်၊ ဆန်ကွဲနဲ့ စပါးစျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဆန်စပါးဈေးကွက်ကနေ သိရပါတယ်။ ပုံမှန်အားဖြင့် စပါးအသစ်ပေါ်ချိန် စျေးကျဆင်းနိုင်ပေမဲ့ မိုးစပါး လက်ကျန်နည်းတာ၊ နွေစပါးအထွက်နှုန်း နည်းနိုင်တာ၊  ပြည်တွင်း ပြည်ပ လိုအပ်ချက်ရှိပြီး ဝယ်လိုအားများနေတာ၊ နိုင်ငံတကာဆန်စျေးတက်နေတာတို့ကြောင့် စျေးကောင်းနေတာဖြစ်ပါတယ်။ ပို့ကုန်ရငွေ၊ နိုင်ငံခြားသုံးငွေကို တစ်ရက်အတွင်းရောင်းရမယ်ဆိုတဲ့ ဗဟိုဘဏ်ထုတ်ပြန်ချက်ကြောင့် အရှိန် ကောင်းနေတဲ့ ဆန်၊စပါးစျေးကွက် အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပေမဲ့ အခုအခါ စျေးထပ်မံ မြင့်တက်လာခဲ့တာပါ။ တဘက်မှာလည်း မြေသြဇာဈေး အဆမတန်မြင့်တက်တာ၊ ကုန်ကျစရိတ်ကြီးမြင့်တာအပြင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ စိုက်ပျိုးရေးကောင်းကောင်းမလုပ်နိုင်တွေတာကြောင့် စိုက်ဧကတွေလည်း ကျဆင်းခဲ့ပါတယ်။ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက “ပို့ကုန်ရငွေ တစ်ခုတည်း ကြည့်လို့မရပါဘူး။ နိုင်ငံတကာစျေး၊ ရောင်းလိုအား ၊၀ယ်လိုအား အနည်း အများ ပြီးတော့ အထွက်နှုန်း […]

Most Read

2024-09-21 03:11:05