Breaking News >> News >> Democratic Voice of Burma


ပေါက်မြို့နယ်တွင်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့


Link [2022-04-14 09:21:01]



မကွေးတိုင်း ပေါက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်မြို့နယ် သက္ကယ်ကျင်းရွာ၊ လက်ပံလှရွာနဲ့ ကိုင်းမကျေးရွာတွေကို ဒီကနေ့ ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ထပ်မံမီးရှို့လို့ ပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လက်ပံလှကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီရွာတွေက နဂိုကတည်းက မီးရှို့ခံထားရပြီးသားဗျ။ အခုမနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်လာပြီး ထပ်ရှို့ကြတာ။ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း စစ်ကောင်စီတပ်သားတွေ ခိုးယူသွားကြတယ်။” ပေါက်မြို့နယ် တံစူးရွာနားက တဲတွေကိုလည်း မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ […]

Most Read

2024-09-21 03:14:11