Breaking News >> News >> Democratic Voice of Burma


ဘဲဥဇာတ်ကောင်ကာတွန်းများဖြင့်လူသိများသည့် ကာတွန်းပညာရှင် သန့်စင် ကွယ်လွန်


Link [2022-04-13 01:02:16]



ဘဲဥဇာတ်ကောင် စာမဲ့ကာတွန်းတွေဖန်တီးရေးဆွဲရာမှာ လူသိများထင်ရှားတဲ့   မြန်မာကာတွန်းပညာရှင် သန့်စင်(ဘဲဥ)ဟာ  ဧပြီ ၁၂ ရက် ဒီမနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကာတွန်းဆရာ ဦးသန့်စင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်အရွယ် ရှိနေပြီဖြစ်ကာ ရန်ကုန်မြို့ တောင်ဥက္ကလာပနေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတဘယ်။ ဒီသတင်းအပေါ် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းက “ဆရာ ဖန်တီးခဲ့သော အနုပညာလက်ရာများအား ပရိသတ်နှင့်အတူ သတိတရ ရှိနေမည်ဖြစ်ပြီး ကာတွန်းလောကအတွက် ဂုဏ်ယူစရာအဖြစ် ကျန်ရှိနေမည် ဖြစ်ပါသည်။ ဆရာ ကာတွန်းသန့်စင် ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းမှ ဆုတောင်းမေတ္တာပို့သရင်းဖြင့် ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်”လို့ ထူးကြေကွဲဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။ ကာတွန်းပညာရှင် သန့်စင်ဟာ ကာတွန်းပညာကို အစ်ကိုရင်းဖြစ်တဲ့ ကာတွန်းမောင်မောင်ဆီက သင်ကြားဆည်းပူးခဲ့ပြီး ၁၉၇၁ ခုနှစ်၊ လုပ်သားသတင်းစာမှာ […]

Most Read

2024-09-21 03:15:49