Breaking News >> News >> Democratic Voice of Burma


ဘားအံဆေးရုံနှင့် တောင်ကလေးစစ်ဆေးရုံ၌ ဒဏ်ရာရ စစ်ကောင်စီတပ်သား များပြားနေ


Link [2022-04-13 01:02:16]



ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ဆေးကုသမှုခံယူနေရတယ်လို့  ဆေးရုံအသိုင်းအဝိုင်းကနေ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနယ်မြေမှာ အခုသီတင်းပတ်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ဒဏ်ရာရသူတွေများနေတာဖြစ်ပါတယ်။  တောင်ကလေးကျေးရွာမှာအခြေစိုက်တဲ့ အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရင်း (ခုတင် ၁၀၀) ဆေးရုံမှာ ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေ ဆေးကုသမှုခံယူဖို့ ခုတင်မဆံ့တော့တဲ့အတွက်  ဘားအံပြည်သူ့ဆေးရုံကြီးမှာပါ ပြောင်းရွှေ့ ဆေးကုသခံယူနေရတာပါ။ ဘားအံပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “တောင်ကလေးစစ်ဆေးရုံက ဆေးကုသဖို့ နေရာမလုံလောက်တဲ့အတွက်လည်း ဖြစ်နိုင်သလို သူနာပြုအခက်အခဲလည်းရှိပုံရတယ်။ ဒါကြောင့် ဆေးရုံမှာ  ပြောင်းရွှေ့ပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေရတယ်။ ဒဏ်ရာရတဲ့သူတွေက နေတိုင်းရှိတယ်”လို့ ပြောပါတယ်။ ကေအန်ယူ တပ်မဟာ ၁ ၊ တပ်မဟာ ၅ နဲ့ […]

Most Read

2024-09-21 03:07:21