Breaking News >> News >> Democratic Voice of Burma


လက်ဘနွန် ကင်းထောက်ဌာန ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ


Link [2022-04-13 01:02:16]



လက်ဘနွန်နိုင်ငံတောင်ပိုင်းက ရှီးယိုက် မွတ်စလင် အာမယ်လှုပ်ရှားမှုနဲ့ မိတ်ဖက်ဖြစ်တဲ့ ကင်းထောက်ဌာနမှာ ပေါက်ကွဲမှုဖြစ်လို့ လူတယောက်ထက်မနည်း သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောကြောင်း  ဧပြီ ၁၂ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ပေါက်ကွဲမှုကြောင့် အဆောက်အအုံ ပျက်စီးပြီး စစ်ဘက်အရာရှိတွေက နောက်ထပ် အသေအပျောက် ရှိ၊ မရှိ အပျက်အစီးတွေကြားမှာ ရှာနေတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် အနားက မြို့တော်ခန်းမလည်း ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ ဖျက်ဆီးတဲ့ လုပ်ရပ်ကြောင့်မဟုတ်ဘူးလို့ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။ အစိုးရပိုင် အမျိုးသားသတင်းအေဂျင်စီကတော့ ပေါက်ကွဲမှုဟာ ဘာ့ဂျ်အယ်လ် ရှီမာလီ စခန်းထဲက ဟားမတ်စ်တွေရဲ့ လက်နက်သိုလှောင်ရုံကနေ ထွက်လာတာဖြစ်ပြီး စုံစမ်းစစ်ဆေးဖို့ လုံခြုံရေးတပ်တွေကို အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

Most Read

2024-09-21 03:18:31