Breaking News >> News >> Democratic Voice of Burma


ယူကရိန်းနိုင်ငံ ခါခစ်ဗ်မြို့ လူနေရပ်ကွက်အတွင်း ဖောက်ခွဲရေးပစ္စည်းရာချီ တွေ့ရှိ


Link [2022-04-13 01:02:16]



ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါခစ်ဗ်မြို့က လူနေရပ်ကွက်ထဲမှာ ဧပြီ ၁၁ ရက်က ပြန့်ကျဲနေတဲ့ ဖောက်ခွဲရေးပစ္စည်း ရာချီ တွေ့ရှိခဲ့ပါတယ်။ ဧပြီ ၁၁ ရက်နေ့ မနက်အစောပိုင်းက လမ်းတွေပေါ်မှာ အစိမ်းရောင် ပလတ်စတစ်ဘူးတွေထဲမှာ ဖောက်ခွဲရေးပစ္စည်းအသေး ရာချီကို တွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေကို ရှာဖွေ၊ ရှင်းလင်း ဖြုတ်သိမ်းဖို့ မိုင်းရှင်းလင်းရေး အင်ဂျင်နီယာတွေကို ဒေသတွင်းမှာ တာဝန်ချထားပါတယ်။ ဒီပစ္စည်းတွေဟာ PTM-1 မြေမြှုပ်မိုင်း အမျိုးအစား ချိန်ကိုက်မိုင်း အသေးစားအမျိုးအစား ဖြစ်တဲ့အပြင် ပေါက်ကွဲစေတတ်တဲ့ အရည်တလီတာခွဲ ဆံ့တယ်လို့ ခါခစ်ဗ်ပြည်နယ် အရေးပေါ်ဌာန မိုင်းဖြုတ်သိမ်းရေးတပ် အကြီးအကဲ ဒုဗိုလ်မှူးကြီး နီကိုလေ အိုဗာချုခ်က ပြောပါတယ်။ အရပ်သား သေဆုံးမှု လျှော့ချဖို့ ၁၉၉၇ အော့တဝါ သဘောတူညီချက်အရ ဒီမိုင်းတွေကို […]

Most Read

2024-09-21 03:14:47