Breaking News >> News >> Democratic Voice of Burma


မန္တလေးကျုံးနံဘေး သင်္ကြန်ဖွင့်ပွဲ အစမ်းလေ့ကျင့်၊ ကျုံးဘေး လုံခြုံရေးတင်းကျပ်


Link [2022-04-11 15:52:52]



အခုနှစ် ကျရောက်မယ့် မန္တလေးသင်္ကြန်ကို ကျင်းပဖို့  အာဏာသိမ်းစစ်ကောင်စီက ကျုံးအတွင်းမှာ ပြင်ဆင်နေပါတယ်။ ကျုံးပတ်လည် တလျှောက်က လမ်းတချို့မှာလည်း အခုကတည်းက ပိတ်ဆို့ထားပြီး လုံခြုံရေး အင်မတန်တင်းကျပ်နေတယ်လို့ သိရပါတယ်။ ဧပြီ ၁၀ ရက်နေ့ကလည်း ကျုံးမြောက်ဘက် လူနေရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့ပါတယ်။ သင်္ကြန်ပွဲကို လောင်းလှေတွေ၊ လှည်းယာဉ်တွေနဲ့ ကျင်းပဖို့ ပြင်ဆင်နေပြီး ဧပြီ ၁၁ ရက်နေ့မှာတော့ ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မှုကို ကျုံးရေပြင်နဲ့ နန်းမြို့ရိုးအကြား ပတ်လမ်းတလျှောက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သင်္ကြန်အကြိုနေ့မှာတော့ မန္တလေးစည်ပင်ရှေ့က ဗဟိုမဏ္ဍပ်မှာ ဖွင့်ပွဲကျင်းပမှာဖြစ်ပြီး ပြင်ပလူ ဝင်ရောက်ခွင့်မပြုဘူးလို့ သိရပါတယ်။ သင်္ကြန်ဖွင့်ပွဲနဲ့အတူ ကျုံးရေပြင်အတွင်း တည်ဆောက်ထားတဲ့ ရတနာပုံ အပန်းဖြေဥယျာဉ်ကိုလည်း ဖွင့်လှစ်မယ်လို့ သိရပါတယ်။ တော်လှန်ရေးကာလအတွင်း စစ်အုပ်စုကကျင်းပတဲ့ […]

Most Read

2024-09-21 03:02:42