Breaking News >> News >> Democratic Voice of Burma


ထားဝယ်ခရိုင်အတွင်း သင်္ကြန်မဏ္ဍပ် ၆ ခု ဆောက်လုပ်ပြီး လုံခြုံရေးချထား


Link [2022-04-11 15:52:52]



တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း သင်္ကြန်မဏ္ဍပ် ၆ ခု ဆောက်လုပ်ကာ သင်္ကြန်ပွဲတော်ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းရဲ့ မြို့တော် ထားဝယ်မြို့ပေါ်မှာ မဏ္ဍပ် ၃ ခု၊ ရေဖြူမြို့၊ သရက်ချောင်းမြို့၊ လောင်းလုံးမြို့တို့မှာ ၁ ခုစီနဲ့ စုစုပေါင်း မဏ္ဍပ် ၆ ခု ဆောက်လုပ်ထားပြီး အချို့မဏ္ဍပ်တွေမှာ ရဲနဲ့စစ်သား လုံခြုံရေးတွေ ချထားတယ်လို့ ဆိုပါတယ်။ ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးကလည်း စစ်ကောင်စီက ပြုလုပ်မယ့် သင်္ကြန်ပွဲတော်မှာ မပူးပေါင်းမပါဝင်ဖို့ တိုက်တွန်းထားပြီး သင်္ကြန်ပွဲတော်ကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ သင်္ကြန်အကျနေ့ မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိ အသံတိတ်သပိတ်ပြုလုပ်မယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ထုတ်ပြန်ထားပါတယ်။ ထားဝယ်ဒေသခံတဦးကတော့ “မဏ္ဍပ်တွေဆောက်နေတာတော့ ထားဝယ်မှာတောင် […]

Most Read

2024-09-21 03:05:01