Breaking News >> News >> Democratic Voice of Burma


ဧရာဝတီတိုင်းတွင် ရဲတပ်ဖွဲ့ဝင်ဇနီးများ သင်္ကြန်ယိမ်းအတွက် အကတိုက်နေရ


Link [2022-04-11 15:52:52]



ဧရာဝတီတိုင်းအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြုလုပ်မယ့် သင်္ကြန်ပွဲတော်အတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကိုပါ သင်္ကြန်ယိမ်းတိုက်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နှစ်တိုင်း သင်္ကြန်ယိမ်းအကတိုက်ရာမှာ ရဲတပ်ဖွဲ့ဝင်ဇနီးတွေ ပါဝင်လေ့မရှိပေမယ့် ဒီနှစ်မှာ အာဏာသိမ်း စစ်ကောင်စီကောင်စီက အတင်းအကျပ် သင်္ကြန်ပွဲပြုလုပ်ဖို့ ဖိအားပေးတာကြောင့် အင်အားမလုံလောက်လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကိုပါ သင်္ကြန်ယိမ်းအတွက် အကတိုက်ခိုင်းနေတာလို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။ “နှစ်တိုင်းက အမျိုးသမီးတပ်ဖွဲ့ဝင်ပဲ ကရတာ၊ ဒီနှစ် အင်အားမလောက်တော့ သူတို့ပါ ကရမယ်ဆိုပြီး လူကြီးတွေက စီစဉ်တာ။ ပင်ပန်းလာတဲ့အခါတော့ တိုးတိုးကြိတ်ဆဲနေတာပေါ့။ သူကြောင့် ဒီလိုတွေဖြစ်ရတာဆိုပြီး မအလကိုပြောတာ” လို့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတဦးက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေ အကတိုက်ရချိန်မှာ ကလေးမရှိတဲ့ သူတွေက အဆင်ပြေပေမယ့် ကလေးရှိတဲ့ မိသားစုတွေက အိမ်အလုပ်တွေ မပြီးလို့ လိုင်းခန်းမှာ […]

Most Read

2024-09-21 03:15:05