Breaking News >> News >> Democratic Voice of Burma


စစ်တပ်ထုတ်ကုန် ရောင်းချသည့်ဆိုင်များကို အရေးယူတော့မည်ဟု ပုလဲဂျော်ကာအဖွဲ့ သတိပေး


Link [2022-04-10 20:53:33]



စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များရောင်းချတဲ့ ဆိုင်တွေ ဧပြီ ၁၀ ရက်ကနေ ဧပြီ ၁၇ ရက်နေ့အထိ နောက်ဆုံးထား ရောင်းချကြဖို့နဲ့ အဲဒီနောက်ပိုင်း ရောင်းချတဲ့ဆိုင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ပုလဲဂျော်ကာအဖွဲ့က သတိပေးလိုက်ပါတယ်။ ပုလဲဂျော်ကာအဖွဲ့တာဝန်ရှိသူ ဗိုလ်ပုလဲက “ဒါမျိုးရောင်းချနေတာဟာ စစ်တပ်ကို တဖက်တလမ်းက ကျည်ဖိုး ဖြည့်ပေးနေတာပဲဗျ။ နောက်တခုက စစ်တပ်ကို ဝင်ငွေရှာပေးနေတာဟာ ကျနော်တို့ ဒီမိုကဒေစီလိုချင်နေတဲ့ ပြည်သူတွေကို သစ္စာဖောက်တာလို့ တောင် ပြောလို့ရတယ်ဗျ။ ကျနော်တို့က ဒီစစ်တပ်ထုတ်ကုန်တွေ ရောင်းတဲ့ဆိုင်တွေကို ဧပြီ ၁၇ ရက်နေ့ နောက်ပိုင်းရောင်းတာတွေကိုတော့ ပြင်းပြင်းထန်ထန်အရေးယူတာတွေ ပြုလုပ်သွားမယ်” လို့ ပြောပါတယ်။ ပုလဲမြို့နယ်အတွင်းမှာ တားမြစ်ထားတဲ့ စစ်တပ်ထုတ်ကုန် အဖျော်ယမကာနဲ့ ဘီယာတွေကို ဆိုင်အချို့မှာ ခိုးရောင်းချနေတယ်ဆိုပြီး သတင်းရတာကြောင့် အခုလို ကန့်သတ်ချက်ထုတ်တာ ဖြစ်နိုင်တယ်လို့‌ […]

Most Read

2024-09-21 03:04:00