Breaking News >> News >> Democratic Voice of Burma


ပုသိမ်မြို့ခံ အလွတ်တန်းဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့် ထောင် ၂ နှစ်ချမှတ်ခံရ


Link [2022-04-10 20:53:33]



ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အလွတ်တန်းဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့်ကို စစ်ကောင်စီက ဧပြီလပထမပတ်ထဲမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးဆန်းမြင့်ကို ၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့က အမှတ် ၆ ရပ်ကွက်က ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတဲ့အချိန် စစ်ကောင်စီတပ်သားတွေက အိမ်စီးကားနဲ့ ဖမ်းခေါ်သွားပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲကာ ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။ “ထောင်တွင်းတရားရုံးမှာပဲ ရုံးထုတ်တာ၊ အဲဒီနေ့က အားလုံး ၁၆ ယောက် ရုံးထုတ်တာ၊ အားလုံး ၂ နှစ်စီ အမိန့်ချလိုက်တာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့်ဟာ ပုသိမ်မြို့မှာ ပြုလုပ်တဲ့ […]

Most Read

2024-09-21 03:17:26