Breaking News >> News >> Democratic Voice of Burma


မောင်တောတွင် တောင်ယာမီးထဲပါသွားသည့်အမျိုးသမီး ဆေးကုသရန် အကူအညီ လိုအပ်နေ


Link [2022-04-10 20:53:33]



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှာ အမျိုးသမီးတဦး ဧပြီ ၉ ရက် နေ့လယ်ပိုင်းက တောင်ယာမီးရှို့ရာမှာ မတော်တဆမီးထဲပါသွားပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့် ဆေးကုသဖို့ အကူအညီ လိုအပ်နေပါတယ်။ ခင်ပွန်းဖြစ်သူ ဦးစနေအောင်က “မနေ့က နေ့လယ်ပိုင်းမှာ တောင်ယာမီးရှို့ကြတယ်။ တောင်ယာမီးရှို့တဲ့ သူတွေများတော့ မီးခိုးတွေ များလာတယ်။ မီးခိုးတွေကြောင့် သတိမေ့သွားပြီး မီးထဲပါသွားတယ်။ မီးလောင်ဒဏ်ရာတွေ တော်တော်များတယ်။ စစ်တွေကို ခေါ်ရမလား၊ မခေါ်ရဘူးလားဆိုတာတေ့ာ ဆရာဝန်က ဘာမှမပြောသေးဘူး” လို့ ပြောပါတယ်။ မြိုလူမျိုးတွေဟာ သင်္ကြန်မကျမီ တောင်ယာတွေကို မီးရှို့ကြလေ့ရှိပါတယ်။ မီးထဲ သတိမေ့ပြီး ဒဏ်ရာရသွားတဲ့ အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်စွာရရှိပြီး မောင်တောဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ခင်ပွန်းဖြစ်သူ “မနေ့က ဆေးရုံကိုလာကတဲ့ ငွေ ၅ သောင်းပါလာတယ်။ အခု တပြားမှ မရှိတောဘူး။ […]

Most Read

2024-09-21 03:05:12