Breaking News >> News >> Democratic Voice of Burma


ပေါင်းတည်မြို့ရှိ အန်အယ်လ်ဒီအမတ်နေအိမ်အပါအဝင် အိမ် ၃ လုံးကို စစ်ကောင်စီက ချိပ်ပိတ်


Link [2022-04-10 09:12:20]



ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ ဧပြီ ၉ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီပါတီရပ်ကျေးဥက္ကဋ္ဌနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတို့ရဲ့ နေအိမ် ၃ လုံးကို  စစ်ကောင်စီက ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။ အုပ်ဖို ၂ ရပ်ကွက် မှတ်တိုင်လမ်းမှာရှိတဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးအေးမင်းအောင်(ခ)ကို မင်းမင်းနေအိမ်၊ ဟင်္သာကန်ရပ်ကွက်တာပွန်လမ်းက အန်အယ်လ်ဒီပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးကျော်ကျော်လွင်ရဲ့နေအိမ်နဲ့ ဇီးပင်လှအုပ်စုအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မျိုးနိုင်အိမ်တွေကို  ဒီနေ့တရက်တည်းမှာပဲ  ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်၊ ရဲ  ၈ ယောက်၊  တရားသူကြီး အမျိုးသမီး ၂ ယောက်၊ အရပ်ဝတ် ၆ ယောက်တို့ လာဝိုင်းပြီး ချိပ်ပိတ်သွားတာလို့  ဟင်္သာကန်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ အန်အယ်လ်ဒီပါတီရပ်ကျေး ဥက္ကဋ္ဌကိုကျော်လွင်က “အိမ်နဲ့ ခြံက ခယ်မပိုင်တာ […]

Most Read

2024-09-21 03:13:29