Breaking News >> News >> Democratic Voice of Burma


သထုံမြို့နယ်ဌာနဆိုင်ရာစုပေါင်းရုံးတွင် ဗုံးကွဲပြီး ရဲ ၂ ဦး ဒဏ်ရာရ


Link [2022-04-10 09:12:20]



မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံမြို့နယ်ဌာနဆိုင်ရာ စုပေါင်းရုံးမှာ ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က  ဗုံးပေါက်ကွဲပြီး  ဒုရဲအုပ် တယောက်နဲ့  ရဲတပ်ကြပ်ကြီး တယောက် ဦးခေါင်းနဲ့ ဝမ်းဗိုက် ဒဏ်ရာရှိခဲ့သလို ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေအဆိုရ ဌာနဆိုင်ရာစုပေါင်းရုံးအတွက် လာပို့တဲ့ ဆန်အိတ်ထဲ ဗုံးထည့်ထားပြီး လာပို့တဲ့ ကားအပြန် ခဏအကြာမှာ ဗုံးပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို  သထုံမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သထုံမြို့အဝင်မြို့အထွက် နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေပါတယ်။ ဒီဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာ လက်ရှိအချိန် ထုတ်ပြန်တာ မရှိသေးပါဘူး။ သထုံမြို့နယ်အတွင်းက ဌာနဆိုင်ရာရုံးကို […]

Most Read

2024-09-21 03:14:18