Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်-မြဝတီ အာရှလမ်း ယာယီပိတ်ထားသော်လည်း ကုန်တင်နှင့် ခရီးသည်တင်ယာဥ်အချို့ အရဲစွန့်သွားလာနေ


Link [2022-04-10 09:12:20]



ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး ကေအန်ယူတပ်တပ်မဟာ ၆ က ယာဥ်သွားလာခွင့် ယာယီပိတ်ထားပေမဲ့ ကုန်တင်နဲ့ ခရီးသည်ယာဥ်မောင်းတချို့ကတော့ မိသားစု စားဝတ်နေရေးကြောင့် အရဲစွန့်သွားလာနေရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လဒုတိယအပတ်ကစတင်ကာ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းအဖွဲ့ကြား မကြာခဏ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းချီလာနေတဲ့အတွက် ကေအန်ယူတပ်မဟာ ၆ က ကော့ကရိတ်-မြဝတီအာရှလမ်းမ၊ မြဝတီ-ဝေါလေလမ်းမနဲ့ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ကားလမ်းမတို့ကို ယာဥ်သွားလာခွင့် ယာယီပိတ်လိုက်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။ ယာယီလမ်းပိတ်ထားပေမဲ့ ကုန်တင်ယာဉ်မောင်းတွေကတော့ မိသားစုစားဝတ်နေရေးအရ အရဲစွန့်ကာ မြဝတီကနေ မော်လမြိုင်နဲ့ ဘားအံကို ကုန်စည်တွေ ပို့ဆောင်ပေးနေရပြီးသွားလာရာမှာ စိုးရိမ်ပူပန်နေရတယ်လို့ ကုန်တင်ယာဥ်မောင်းတယောက်က  […]

Most Read

2024-09-21 03:13:09