Breaking News >> News >> Democratic Voice of Burma


တွံတေးတံတားအဆင်းတွင် ကား ၆ စီး ဆင့်တိုက်ပြီး လမ်းပိတ်နေ


Link [2022-04-10 09:12:20]



ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ တွံတေးတံတားအဆင်းမှာ  ဧပြီ ၉ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ကား ၆ စီး ဆင့်တိုက်ခဲ့ပြီး လမ်းပိတ်ဆို့နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ သင်္ကြန်ပိတ်ရက်အတွင်း ရန်ကုန်ကနေ ဧရာဝတီတိုင်းကို နေရပ်ပြန်ကြတဲ့ ခရီးသွားပြည်သူတွေဟာ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးမှာ ယာဉ်ကြောပိတ်ဆို့နေတာကြောင့် တွံတေးဘက်ကနေပတ်ပြီး မအူပင်မြို့ကို သွားရောက်နေချိန်မှာ အခုလို ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ဖို့အတွက် မေးမြန်းနေဆဲဖြစ်ပါတယ်။

Most Read

2024-09-21 03:07:21