Breaking News >> News >> Democratic Voice of Burma


ဘုတလင်မြို့နယ်တွင် ရဲစခန်းတိုက်ခိုက်ခံရ၊ စစ်ယာဉ်တန်း မိုင်းဆွဲခံရ


Link [2022-04-09 17:14:19]



စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းကို  ဧပြီ ၈ ရက် ညပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ဖျက်စီးလိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။ “ည ၉ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ကူတော်ရဲစခန်းကို မီးရှို့ဖျက်ဆီးတာ။ ရဲတွေကတော့ ထွက်ပြေးသွားလို့ ကာကွယ်ရေးတပ်က အနောက်က လိုက်ပစ်တယ်။ အထိအခိုက်အကျအဆုံးတော့ရှိနိုင်တယ် သေချာတော့မသိဘူး “လို့ ဒေသခံက ပြောပါတယ်။ ရဲစခန်းမီးရှို့ခံရပြီးနောက်  ည ၁၂ နာရီလောက်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ မိနစ် ၂၀ လောက် လာပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆက်လက်ပြောပါတယ်။ ကူတော်ရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာ ပထမအကြိမ်ဝင်ရောက်ဆီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ အလားတူ စစ်ကိုင်းတိုင်း မုံရွာ နမခကနေ ဘုတလင်မြို့ဘက် စစ်ကူထွက်လာတဲ့ […]

Most Read

2024-09-21 03:06:57