Breaking News >> News >> Democratic Voice of Burma


ဂန့်ဂေါနယ်က စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေ


Link [2022-04-09 17:14:19]



မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မတ်လတတိယ အပတ်ကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာတောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေ ကြရပါတယ်။ လတ်လော စစ်ဘေးရှောင် အရေအတွက် တသောင်းကျော်ရှိပြီး သက်ကြီးရွယ်အိုတွေ မသန်မစွမ်းတွေနဲ့  ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းပါရှိကာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာရတာကြောင့် စားနပ်ရိက္ခာနဲ့  အဝတ်အထည်တွေ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင်းရှောက်မှု တွေလိုအပ်နေတယ်လို့  စစ်ဘေးရှောင်တွေထံက သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေနဲ့  ပရဟိတအသင်းတွေ မရှိတာကြောင့်အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့လည်း စစ်ဘေးရှောင် တယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုးရာလမ်းကြောင်းတစ်လျှောက် မွှေ့လယ်ရွာ၊ မိုးစိုရွာ၊   ထယ်လှော်ရွာအစရှိတဲ့ ကျေးရွာတွေမှာရှိတဲ့  ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး မွေးမြူထားတဲ့ တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စား […]

Most Read

2024-09-21 05:33:42