Breaking News >> News >> Democratic Voice of Burma


တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်စေရန် မြန်မာပြည်ရှိ နိုင်ငံခြားကုမ္ပဏီများကို တိုက်တွန်း


Link [2022-04-09 17:14:19]



မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ တည်ဆဲဥပဒေသာမက နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လုံခြုံပြီး သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေဖန်တီးပေးကာ တာဝန်သိသိနဲ့ လုပ်ဆောင်ဖို့က အလွန်ပဲအရေးကြီးတယ်လို့  မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့လုပ်ငန်း ဆောင်ရွက်မှုတွေကို စိစစ်သုံးသပ်ပြီး တွေ့ရှိချက်တွေအပေါ်အခြေခံကာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းဖြစ်စေဖို့ လိုအပ်တဲ့ အဓိကအချက်တွေကို ပံ့ပိုးပေးနိုင်ဖို့ရည်ရွယ်တဲ့ အွန်လိုင်းဆွေးနွေးပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ပြီးနောက်  ဧပြီ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာရာမှာ ပြောကြားထားတာပါ။ အခုလိုစိန်ခေါ်မှုများတဲ့အချိန်မှာ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ဒေသခံ လူထုတွေနဲ့ ချိတ်ဆက်မှုတွေမှာ ပိုမိုအားကောင်းလာစေဖို့၊ ဧရိယာအတွင်းနေထိုင်ကြသူတွေ အထူးသဖြင့် လူငယ်တွေနဲ့ အားနည်းချက်ရှိသောသူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုနဲ့ အလားအလာတွေကို ပံ့ပိုးပေးနိုင်ဖို့ အတွက် လက်တွဲလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း  မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနတာဝန်ရှိသူက ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ […]

Most Read

2024-09-21 05:44:49