Breaking News >> News >> Democratic Voice of Burma


တော်လှန်ရေးအတွက် ငွေကြေးမထောက်ပံ့ရန် ပြည်ပရောက်မြန်မာများကို စစ်ကောင်စီသံရုံး ခြိမ်းခြောက်


Link [2022-04-09 17:14:19]



ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့  တော်လှန်ရေးအဖွဲ့အစည်းတွေကို ငွေကြေး မထောက်ပံ့ဖို့  စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်အခြေစိုက်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက  ဧပြီ ၈ ရက်မှာ  ထုတ်ပြန်ပါတယ်။ စစ်အာာဏာရှင်ကိုဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်တာ၊ အဆိုပါအဖွဲ့အစည်းတွေကို ပံ့ပိုးဖို့အတွက် ရန်ပုံငွေပွဲတွေပြုလုပ်တာ၊ တစ်ဦးတယောက်ဖြစ်စေ ၊အသင်းအဖွဲ့ဖြစ်စေ ငွေကြေးကောက်ခံတာ မပြုကြဖို့လည်း တားမြစ်ထားပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ အပြုအမူတွေ ဆက်လက်လုပ်ဆောင်နေရင် ကျူးလွန်သူကို အကြမ်းဖက်မှု တိုက်ဖျတ်ရေး ဥပဒေနဲ့ ငြိစွန်းမှာ ဖြစ်တယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ မြန်မာသံရုံးကအခုလို ထုတ်ပြန်လိုက်တဲ့ အပေါ်မှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေကတော့ လက်မခံဘဲ ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက “မြန်မာသံရုံးက ပညာရှိသံဝန်ထမ်းတွေအနေနဲ့ ပြည်ပရောက် ကိုယ့်လူမျိုးတွေရဲ့ ဆန္ဒနဲ့ သဘောထားကို အလေးမထားရင်တော့ ပြည်သူတွေရဲ့အမုန်းတရားကိုပဲရမှာပါ။ ကိုယ့်သမိုင်းကိုယ်ဘဲ ရေးကြရတာပါ။ […]

Most Read

2024-09-21 06:08:07