Breaking News >> News >> Democratic Voice of Burma


ပခုက္ကူတွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးလာပါက စစ်တပ်က ပစ်ခတ်ဖမ်းဆီးနေ


Link [2022-04-09 11:53:11]



မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီ ၉ ရက် ဒီမနက်ပိုင်းကစပြီး  အမျိုးသားနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က ပစ်ခတ် ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။ ပခုက္ကူ ဒေသခံတစ်ဦးက “လောလောဆယ် နှစ်ယောက်အဖမ်းခံရပြီ၊ ယောကျ်ားလေးဆိုင်ကယ်နှစ်ယောက်စီးရင် ပစ်ဖမ်းတာ လမ်းကြိုလမ်းကြားကအစ ဖမ်းနေတာ”လို့ ​ ဆိုပါတယ်။ ပခုက္ကူအမှတ် ၁၂ ပြည်တော်သာလမ်းမှာ ယောကျာ်းလေးနှစ်ယောက် ဆိုင်ကယ်တစ်စီး နှစ်ယောက်စီးတာကြောင့် ဖမ်းဆီးခံရပြီး ရဲကားပေါ်တင်ခေါ်သွားကာ ဆိုင်ကယ်ကိုတော့ ရဲတွေ စီးသွားတယ်လို့ ဆိုပါတယ်။ ဧပြီ ၇ ရက်က Non CDM ​မြို့နယ်ပညာရေးမှူးဒေါ်တင်တင်ရီ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာကြောင့် စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီး ပခုက္ကူမြို့ကို လာရောက်ပြီးတဲ့နောက် အခုလို လုံခြုံရေးတွေတိုးချထားပြီး ပစ်ခတ်ဖမ်းဆီးနေတာဖြစ်ပါတယ်။ ပခုက္ကူမြို့အဝင်အထွက်၊ လမ်းဆုံလမ်းမတွေမှာ လုံခြုံရေးတိုးချထားပြီး […]

Most Read

2024-09-21 05:55:38