Breaking News >> News >> Democratic Voice of Burma


ရခိုင်သင်္ကြန် လုံခြုံရေးအထူးသတိထားရန် တိုက်တွန်း


Link [2022-04-09 11:53:11]



ရခိုင်ပြည်နယ်မှာ ဧပြီ ၁၃ ရက်နေ့ စတင်မယ့် သင်္ကြန်ပွဲတော်ကို လုံခြုံရေးအထူး သတိထားကျင်းပကြဖို့   မြို့မိမြို့ဖတွေက တိုက်တွန်းပြောပါတယ်။ စစ်တွေမြို့ခံ လူကြီးတဦးက “သတိထားဖို့လိုအပ်မယ်။ ဘာအတွက်လဲဆိုတော့ ပြည်မဘက်မှာ သင်္ကြန်မရှိတော့ ရခိုင်ကိုသင်္ကြန်လာချင်တဲ့သူတွေ များလာမယ်။ အဲဒီလိုလူများတာကို အခွင့်အရေးယူပြီး ပြဿနာတွေဖြစ်အောင်ဖန်တီးမှုတွေ မရှိလာနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။”လို့ ပြောပါတယ်။ စစ်တွေမြို့မှာ ဗဟိုမဏ္ဍပ်အပါအဝင် အစိုးရရဲ့စီမံမှုနဲ့ ရခိုင်ရိုးရာ မိဇံမဏ္ဍပ်၊ တပ်မိသားစုတွေကလုပ်မယ့် (ဒ.က.စ) မဏ္ဍာပ်နဲ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပမှာဖြစ်သလို လမ်းလျှောက်သင်္ကြန်ပါကျင်းပမှာဖြစ်လို့ အထူးစည်ကားပြီး မလိုလားအပ်တဲ့ ဖောက်ခွဲ ပစ်ခတ်မှုတွေ ဖြစ်လာမှာကို  စစ်တွေဒေသခံတွေ စိုးရိမ်နေကြတာပါ။ ရခိုင်ဒေသရှိ အေအေထိန်းချုပ်နေရာတွေနဲ့ အေအေအခြေစိုက်ရာ စစ်ဒေသချုပ်နယ်မြေတွေမှာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားဖို့ရှိတယ်လို့ ပြန်ကြားရေးတာဝန်ခံခိုင်သုခက ဧပြီ ၅ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ […]

Most Read

2024-09-21 05:45:17