Breaking News >> News >> Democratic Voice of Burma


မြစ်ကြီးနားတွင်မီးလောင်၊ လူနေအိမ် ၂ လုံးနှင့် ကား ၃ စီး မီးလောင်ပျက်စီး


Link [2022-04-09 00:13:27]



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံမြောက်ရပ်ကွက်မှာ ဧပြီ ၈ ရက် ဒီကနေ့  ညနေ ၄ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး လူ နေအိမ် ၂ လုံးမီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရပ်ကွက်နေပြည်သူတဦးက “မီးကအရှိန်တအားပြင်တော့ ကျနော်တို့လည်း မငြှိမ်းနိုင်ဘူး မီးသတ်ရုံးကို အကြောင်းကြားပြီး မကြာခင်မှာပဲ မီးသတ်ကားတွေလာပြီး ငြှိမ်းသွားတယ်။ နေအိမ်အကြီးတလုံး အသေးတလုံးပါသွားတယ်။ မီးဖိုချောင်တော့အားလုံးမပါသွားဘူး။ မီဟတ်တော့ တခါးပေါက်တွေပျက်စီးသွားပါတယ်လို့”  ပြောပါတယ်။ မီးလောင်မှုကြောင့် မော်တော်ကား ၃ စီးလည်း ပျက်စီးသွားပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ နေအိမ်မီးထဲပါသွားတဲ့ အိမ်ရှင်အမျိုးသမီးတဦးက “မီးကဘယ်ကနေ စလောင်မှန်းမသိဘူး။ ကျမကရေချိုးနေတာ။ အိမ်ထဲမှာလည်း ဘယ်သူမှမရှိဘူး။ အိမ်ရဲ့ညာဘက်ထောင့်ကနေ တရှိန်ထိုးလောင်နေတာတွေ့တော့ လန့်ပြီး ကူညီဖို့အကူညီအော်တောင်းပေမဲ့ အရှိန်က တအားပြင်းတော့ ပိုပိုလောင်လာတယ်။ အိမ်ထဲမှာ […]

Most Read

2024-09-21 05:42:21