Breaking News >> News >> Democratic Voice of Burma


နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲအမှု လိုပြသက်သေကို စစ်ဆေး


Link [2022-04-09 00:13:27]



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုနဲ့ ပတ်သက်ပြီး ဧပြီ ၈ ရက် ဒီနေ့ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုက်အဝန်းကနေ  သိရပါတယ်။ ဒီနေ့ ရုံးချိန်းမှာ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်မှူးဦးကိုကိုနိုင်ကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တဲ့ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀- က နဲ့  စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။ ဒီအမှုမှာ လိုပြသက်သေ အယောက် ၂၀ ရှိပြီး  တရားလိုပြသက်သေတွေကို ဧပြီ ၁၈ ရက် အပြီးစစ်မှာ ဖြစ်ပါတယ်။ ဧပြီ […]

Most Read

2024-09-21 06:12:40