မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အဂတိလိုက်စားမှုအပါအဝင် တခြားစွဲချက်တွေနဲ့စွပ်စွဲပြီး ဧပြီ ၈ ရက် ဒီကနေ့ မကွေးထောင်အထူးတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်လို့ မကွေးမြို့နယ်တရားရုံးကနေ သိရပါတယ်။ အဂတိအမှုတမှုကို ထောင်ဒဏ် ၃ နှစ်စီ ၆ မှုအတွက်ထောင်ဒဏ် ၁၈ နှစ်၊ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ရွေးကောက်ပွဲကော်မရှင်က စွဲတဲ့ ၁၇၁(စ) အမှုအတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တာလို့ တရားရုံးဝန်ထမ်းက ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၇ […]